ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ ပို့ဆောင်ခွင့်ရှိသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီလုပ်ငန်း (၁၀)ခုအား ယာယီပိတ်သိမ်း

0
390

ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများ ပို့ဆောင်ခွင့်ရှိသည့် လိုင်စင်ရ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများအနက် အေဂျင်စီ (၁၀) ခုကို ယာယီပိတ်သိမ်းထားကြောင်း အလုပ်သမားဝန်ကြီးဌာန နိုဝင်ဘာ(၁)ရက်က ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ (၃၁)ရက်အထိ ထိုင်းနိုင်ငံသို့ လုပ်သားပို့ဆောင်စေလွှတ်ခွင့်ရသည့် အေဂျင်စီ စုစုပေါင်း (၁၅၇) ခုရှိသည့်အနက် အေဂျင်စီ (၁၀) ခုကို ယာယီပိတ်သိမ်းလိုက်ခြင်းကြောင့် အေဂျင်စီကုမ္ပဏီ (၁၄၇) ကသာ မြန်မာလုပ်သားများအတွက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိ ယာယီပိတ်ထားသည့် အေဂျင်စီများမှာ Aung Kau ng Mon Co.,Ltd , Diamond Bagan General Services Co.,Ltd , JMK Services Co.,Ltd , New Three Diamonds Co.,Ltd , Phyu Sin May Services Co.,Ltd , Shwe Lwin Lwin Trading Co.,Ltd , Shwe Phyo Thar Co.,Ltd , Star Yadanar Co.,Ltd , Top Choice Manpower Co.,Ltd , Win Phyo Aung Co.,Ltd, တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီပိတ်သိမ်းခံရသည့် အေဂျင်စီများမှာ (၆) လ မှ (၁) နှစ်အထိ ယာယီပိတ်သိမ်းထားခြင်းဖြစ်ပြီး အေဂျင်စီစာရင်းအသေးစိတ်ကို Safe Migration တွင် ကြည့်ရှုနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here