သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးသက်ရောက်စေသည့် အာဆီယံ – အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံပါဝင်ဆောင်ရွက်နေ

0
336

သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးသက်ရောက်စေသည့် အာဆီယံ – အမေရိကန် ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်များတွင် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်နေကြောင်း မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံမှူးကြီး ဒေါ်ထွေးထိပ်တင်လွင်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်က (၁၁) ကြိမ်မြောက် အာဆီယံ-အမေရိကန် သိပ္ပံနှင့် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (11th ASEAN-U.S. Consultations on Science and Technology, AUSCST) ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖြစ် မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံမှူးကြီး ဒေါ်ထွေးထိပ်တင်လွင် ပါဝင်တက်ရောက်ခဲ့ကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံအနေဖြင့် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးသက်ရောက်စေသည့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြစ်သည့် Underwriters Laboratories- ASEAN-U.S. အမျိုးသမီးသိပ္ပံဆု၊ သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဆိုင်ရာ အမျိုးသမီးများ (STEM) Webinar၊ ကျား/မတန်းတူပါဝင်ရေး အဓိကအရာများ၊ Artificial Intelligence -အာဆီယံအတွက် စီးပွားရေးနှင် မူဝါဒဦးစားပေးများ၊ U.S- ABC ပူးပေါင်း ဆောင်ရွက်မှု၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ-အမေရိကန် သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင် ပူးပေါင်းဆောင်ရွက်မှုများနှင့် သိပ္ပံနည်းကျစေ့စပ် ဆောင်ရွက်မှုများ အစီအစဉ်တို့တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု  မြန်မာကိုယ်စားလှယ်က ဆွေးနွေးပြောကြားခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် အမေရိကန်နိုင်ငံမှ စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ အမျိုးသားသိပ္ပံဖောင်ဒေးရှင်း National Science Foundation (NSF)၊ National Aeronautics and Space Administration (NASA)နှင့် USAID Bureau for Development ၊ Democracy and Innovation တို့၏ တာဝန်ရှိသူများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တို့ သည် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here