၁ တန်ခွဲနီးပါးအလေးချိန်ရှိသည့် ရွှေဖရုံသီး ကမ္ဘာ့စံချိန်တင်

0
174

အလေးချိန် ၂၇၄၉ ပေါင်(၁၂၄၆.၉ ကီလိုဂရမ်/ ၁.၃၇ တန်)ရှိသော အလွန်ကြီးမားသည့် ရွှေဖရုံသီးကြီးသည် ကမ္ဘာ့အလေးဆုံး ရွှေဖရုံသီးအဖြစ် စံချိန်သစ်တင်သွားသည်။

အဆိုပါ ရွှေဖရုံသီးကြီးကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ခြံသမားတစ်ဦး စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး၊ ယင်း၏ အလေးချိန်ကို အောက်တိုဘာလ ၉ ရက်နေ့က ပြည်နယ်တာဝန်ရှိသူများက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ပုံမှန်အရွယ်အစား ရွှေဖရုံသီးကြီးများထက် အဆပေါင်း ၂၀၀ ထက်မနည်း လေးလံသော ရွှေဖရုံသီးကြီးဖြစ်သည်ဆို၏။


LEAVE A REPLY

Please enter your comment!
Please enter your name here