အစ္စရေး – ပါလက်စတိုင်းအရေး၌ အပစ်အခတ်ချက်ချင်းရပ်ရန်ဆန္ဒပြတောင်းဆို

0
230

ဝါရှင်တန်၊နိုဝင်ဘာ ၁

အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွက် အစ္စရေးသို့စစ်ရေးအကူအညီထောက်ပံ့ရေးဆိုင်ရာလွှတ်တော် ကြားနာပွဲ၌ စစ်ပွဲဆန့်ကျင်သူများသည် ၎င်းတို့၏လက်များတွင် ဆေးနီများသုတ်လိမ်းကာ အပစ်အခတ်ရပ်စဲရန်ဆန္ဒပြခဲ့ကြပြီး ဝါရှင်တန်အနေဖြင့်လည်း အစ္စရေးအားဆက်လက်ထောက်ပံ့ခြင်းမပြုရန်တောင်းဆိုခဲ့ကြသည်။

အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်နှင့် ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်တို့သည် အစ္စရေးနှင့်ယူကရိန်းအပါအဝင် အခြားလုံခြုံရေးကုန်ကျစရိတ်များကိုထောက်ပံ့ရန်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာသောစစ်ရေးအကူအညီကိုပေးနိုင်ရန်အထက် လွှတ်တော် ဘဏ္ဍာ ငွေ ခွဲေဝသံုးစွဲေရး ကော်မီ တီ ထံ တောင်းဆိုခဲ့ကြကြောင်းသိရသည်။

ဆန္ဒပြသူများသည် “ဂါဇာကိုလွတ်လပ်ခွင့်ပေး”၊ “အစ္စရေးအားထောက်ပံ့ခြင်းရပ်”၊ “အပစ်အခတ်အခုရပ်” အစရှိသည့် စာသားများဖြင့် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြခြင်းလည်းဖြစ်သည်။

အောက်တိုဘာလ ၇ ရက်မှစ၍ ဟားမတ်စ်စစ်သွေးကြွအဖွဲ့၏စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၄၀၀ ဦးသေဆုံးခဲ့သဖြင့် အစ္စရေးနှင့်ပါလက်စတိုင်းအကြား တိုက်ပွဲများပြင်းထန်လာခဲ့ရာ အစ္စရေး၏ တန်ပြန်တိုက်စစ်ကြောင့် ယခုအချိန်အထိ လူပေါင်း ၈,၅၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here