ကမ္ဘောဒီးယား နိုင်ငံ၏လက်ရှိချန်ပီယံကို မြန်မာကိုယ်စားပြုပြီး ထိုးသတ်မည့် ဒေ၀ ကမ္ဘောဒီးယားသို့ရောက်ပြီ

0
284

အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ၀ (Dave Ledus) သည် ကမ္ဘောဒီးယား နိုင်ငံ၏လက်ရှိချန်ပီယံကို မြန်မာကိုယ်စားပြုပြီး ထိုးသတ်ရန် ကမ္ဘောဒီးယား နိုင်ငံသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဒေ၀နှင့် ကမ္ဘောဒီးယား နိုင်ငံ၏ လက်ရှိချန်ပီယံ ပရမ်စမ်နန်တိုသည် ဖနွမ်းပင်မြို၌ လာမည့် နိုဝင်ဘာ ၅ ရက်၌ ကမ္ဘောဒီးယားရိုးရာအားကစားနည်းဖြစ်သည့် ခွန်ခမာ ကစားနည်းအတိုင်း အလဲထိုးမှသာအနိုင် (အမှတ်ပေးမရှိ) စည်းမျဉ်းဖြင့်ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဒေ၀နှင့် ထိုးသတ်မည့် ပရမ်စမ်နန်သည် ယခုနှစ်တွင် 2023 Thai Fight ချန်ပီယံဘွဲကို ဆွတ်ခူးခဲ့ပြီး ပြီးခဲ့သော ဆီးဂိမ်းက လက်ဝှေ့ကျော် ထွန်းထွန်းမင်းကို အမှတ်ဖြင့်အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့သူလည်းဖြစ်သည်။

ပရမ်စမ်နန်သည် ကစားသမားဘ၀ ပွဲ ၁၆၂ ပွဲထိုးရာ ၁၅၀ ပွဲ အနိုင်ရရှိထားပြီး ၇၃ ပွဲ အလဲထိုး၊ ၁၀ ပွဲရှံး ၂ ပွဲသရေ မှတ်တမ်းကို ပိုင်ဆိုင်ထားသူဖြစ်ကာ လက်ရှိတွင် ၃ဝ ပွဲ ဆက်တိုက် အနိုင်ရရှိထားသူဖြစ်ကြောင်းလည်း သိရသည်။

” ရိုးရာ လက်ဝှေ့ ဘုရင် နှစ်ယောက် တွေ့ဆုံပြီး သမိုင်း တစ်ခုရေးမှာပါ။ ကမ္ဘာတဝှမ်းမှာ လက်ဝှေ့ကို လူသိများလာတာ ကျွန်တော်တကယ် ဂုဏ်ယူမိတယ်” ဟု ဒေ၀ကပြောသည်။

ဒေ၀သည် ဂျပန်နိုင်ငံ၏ ILFJ Lethwei ကမ္ဘာ့ချန်ပီယံရှစ်၊ Air KBZ အောင်လံချန်ပီယံရှစ်၊ MLWC အိုးပင်းဝိတ်ချန်ပီယံရှစ်နဲ့ WLC ခါးပတ် ၆ ကြိမ် ချန်ပီယံဆု စုစုပေါင်း ၉ ကြိမ် ရရှိထားသူဖြစ်ပြီး ယခုပွဲစဥ်သည် ယင်း၏ လက်ဝှေ့ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Photo – Dave Ledus


LEAVE A REPLY

Please enter your comment!
Please enter your name here