အင်ဒိုနီးရှားကလပ်မှ ကမ်းလှမ်းလာသည့်အတွက် ဂီနီတိုက်စစ်မှုး ဆီလာနှင့် ရန်ကုန်ယူနိုက်တက်တို့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း

0
205

ရန်ကုန်ယူနိုက်တက်အသင်းသည် ဂီနီတိုက်စစ်မှုး ဆီလာနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဆီလာကို ၂၀၂၃ ဇန်နဝါရီလမှစတင်ကာ တစ်နှစ်စာချုပ်ဖြင့် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး အသင်းအတွက် သွင်းဂိုး ၁၁ ဂိုးထိသွင်းယူပေးထားကာ လက်ရှိမြန်မာနေရှင်နယ်လိဂ်ရာသီ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦး ဖြစ်ကြောင်းလည်းသိရသည်။

ဆီလာကို အင်ဒိုနီးရှားလိဂ်ကလပ် Persikab Bandung အသင်း မှ ကမ်းလှမ်းလာသည့်အတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးရှေ့ရေးကိုရှေးရှုကာ စာချုပ် ဖျက်သိမ်းပေးလိုက်ခြင်းဖြစ်ပြီး ဆီလာ၏ ရှေ့ဆက်လျှောက်မည့် အနာဂတ်တွင် အောင်မြင်မှုများရရှိပါစေကြောင်း ရန်ကုန်ယူနိုက်တက်ဘက်က ဆုတောင်းပေးထားသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ကိုလံဘီယာတိုက်စစ်မှုး ဗလင်စီယာ နှင့် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ကြောင်းလည်း သိရသည်။

Photo – YUFC


LEAVE A REPLY

Please enter your comment!
Please enter your name here