အမေရိက နှင့် နျူလက်နက်ထိန်းချုပ်ရေးဆွေးနွေးရန် တရုတ်နိုင်ငံကသဘောတူ

0
244

ဝါရှင်တန်၊နိုဝင်ဘာ ၂

သမ္မတအိုဘားမားအစိုးရလက်ထက်ပြီးဆုံးစဉ်မှ စတင် ပထမဆုံးအကြိမ်အနေဖြင့် နျူကလီးယား လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲကို လာမည့်အပတ်တွင် တရုတ်နှင့်အမေရိကတို့ပြုလုပ်မည်ဖြစ်ကြောင်း The Wall Street Journal ကရေးသားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိ၏ ဝါရှင်တန်ခရီးစဉ်အပြီးတွင် ၎င်းတို့နှစ်နိုင်ငံအနေဖြင့် လက်နက်ထိန်းချုပ်ရေးနှင့်မပြန့်ပွားရေးဆိုင်ရာဆွေးနွေးပွဲများအပြင် ရေကြောင်းရေးရာနှင့်အခြားကိစ္စများအတွက်ပါ ဆွေးနွေးမည်ဟုလည်းသိရသည်။

ပေကျင်း၏နျူကလီးယားလက်နက်တည်ဆောက်မှုနှင့်ပတ်သက်ပြီး ဝါရှင်တန်၏စိုးရိမ်ပူပန်မှုများကြောင့်မဟာဗျူဟာတည်ငြိမ်ရေးဆိုင်ရာ ရှေ့ဆက်ဆွေးနွေးမှုကိုစတင်ရန် တရုတ်နှင့်ကန်သမ္မတများသဘောတူညီခဲ့ကြောင်း အမေရိကန်နိုင်ငံတော် လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်က ၂၀၂၁ ခုနှစ်ကပြောကြားခဲ့ဖူးသည်။

နိုဝင်ဘာလ၌ဆန်ဖရန်စစ္စကိုတွင်ကျင်းပမည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်အမေရိကန်သမ္မတဂျိုးဘိုင်ဒင်တို့ကြား ဆွေးနွေးပွဲမစမီတွင် ယခုကဲ့သို့ လက်နက်ဆိုင်ရာဆွေးနွေးပွဲများပြုလုပ်မည်ဖြစ်သော်လည်း အရေးကြီးသော အသေးစိတ်အချက်အလက်များကိုမူ အင်္ဂါနေ့အထိ ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here