ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ရာ (၁၉) ဦး ဒဏ်ရာရ

0
230

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့် ကားတစ်စီး နိုဝင်ဘာ (၁) ရက်က တိမ်းမှောက်မှုဖြစ်ပွားကာ (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

ထိုင်းနိုင်ငံ၊ ဆွမ်ဖောင်ခရိုင်၊ စလွေမြို့၊ ဗန်းဖလရွာ စစ်ဆေးရေးဂိတ်တစ်ခုတွင် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့် ကားကို ဒေသခံအာဏာပိုင်များ စစ်ဆေးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသည့်အတွက် ထိုင်းရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသည့် ကလေးငယ် အပါအဝင် မြန်မာအမျိုးသား (၈) ဦး၊ မြန်မာအမျိုးသမီး (၁၀) ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦး စုစုပေါင်း (၁၉) ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုမှ ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသအတွင်းရှိ ဆေးရုံ (၄) ရုံကို ခွဲပြီး ပို့ဆောင်ကာ ဆေးကုသမှု ပေးနေရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here