ဖရဲစိုက်တောင်သူများ ထိုင်းနိုင်ငံဘက်သို့ ပြောင်းလဲတင်ပို့ရန် ပြင်ဆင်နေ

0
123

ဖရဲရာသီချိန်ကာလဖြစ်သည့်အတွက် ဖရဲစိုက်တောင်သူများအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ ပြောင်းလဲတင်ပို့ရန် ပြင်ဆင်နေကြောင်း ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများထံမှ သိရသည်။

တိုက်ပွဲများကြောင့် မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းရပ်တန့်နေသည့်အတွက် ၎င်းတို့အနေဖြင့် ဈေးကွက်ပြောင်းလဲတင်ပို့ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“တရုတ်ဘက်က ပိတ်ထားတော့ မော်လမြိုင်တို့ ဘားအံတို့ ဘက်ကို တင်ပို့ဖို့လုပ်နေတာပေါ့။ အဲဒီကပွဲစားတွေနဲ့ချိတ်ပြီးလုပ်နေတယ်။ အဲဒီလမ်းကြောင်းကနေမှတဆင့် ထိုင်းကိုတင်ပို့လုပ်နေတယ်” ဟု မကွေးတိုင်းဒေသကြီးမှ ဖရဲစိုက်တောင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်မှစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ကုန်သွယ်ရေးလမ်းကြောင်းများလည်း ရပ်တန့်နေခြင်းဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွား‌နေသည့်အတွက် တရုတ်သို့ တင်ပို့မည့် ကုန်ကားများ လမ်းတွင် ပိတ်မိနေပြီး ယင်းသို့ ပိတ်မိနေသည့် ကားများထဲတွင် ဖရဲကားများလည်း ပါဝင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၆) ရက်အထိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးခစန်းမှ တရုတ်သို့ ဖရဲတင်ပို့မှု ဆောင်ရွက်ခဲ့ပြီး ဖရဲ (ရှမ်းသီး) တစ်တန်လျှင် တရုတ်ငွေ ယွမ် ၃၅၀၀ မှ ၄၀၀၀ နှင့် ဗမာဖရဲသီး တစ်တန်လျှင် တရုတ်ငွေ ယွမ် ၂၇၀၀ မှ ၃၂၀၀ ကြားအထိ ဈေးရရှိခဲ့ကြောင်း ခွာညိုသစ်သီးပွဲရုံမှ ဖော်ပြထားသည့် ဈေးနှုန်းများအရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here