မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ် ၂၀ ဘီလီယံ ထောက်ပံ့ထား

0
257

မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ် ၂၀ ဘီလီယံ ထောက်ပံ့ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ကပြောသည်။

မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန် တိုင်းဒေသကြီး၊ ပြည်နယ် (၁၁) ခု၌ အသားတိုးဝက်နှင့် အသားတိုးကြက် မွေးမြူရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ် ၂၀ ဘီလီယံ ထောက်ပံ့ထားကြောင်း သိရသည်။

တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြည်တွင်းစားရေရိက္ခာဖူလုံရေး ၊ ပိုကုန်မြှင့်တင်ရေးနှင့် မွေးမြူရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ကုသရေးလုပ်ငန်းများတွင် စနစ်တကျ စီမံခန့်ခွဲနိုင်ရန်အတွက် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းကို နိုဝင်ဘာ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုဝင်ဘာ (၁) ရက်မှစ၍ တိုင်းဒေသကြီး၊ ပြည်နယ် (၁၃) ခုရှိ မြိုနယ် (၂၁၄) မြိုနယ်မှ ကျေးရွာအုပ်စု၊ ရပ်ကွက်များ၌ စတင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here