လားရှိုးရှိ ဘဏ်များဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နေဟုဆို

0
292

ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခများဖြစ်ပွားနေသောနေရာအချို့ရှိ ဘဏ်များပိတ်ထားခြင်းမရှိပဲ ပုံမှန်အတိုင်း ဘဏ်ဝန်ဆောင်မှုများပေးနေကြောင်း ဘဏ်များ၏ ပြောပြချက်အရ သိရသည်။

“ဘဏ်ဝန်ဆောင်မှုတော့ပေးနေတယ်။တံခါးကြီးတော့ အရင်လို အပြည့်ကြီးတော့ တနေ့လုံးမဖွင့်ထားဘူး။ငွေသွင်းငွေထုတ် လုပ်ပေးတယ်။ ဝန်ဆောင်မှုပေးပါတယ်။ ATM မှာလည်းငွေဖြည့်ထားပေးထားတယ်။ဒါ့အပြင် ibanking/mbanking နဲ့ ၂၄ နာရီဝန်ဆောင်မှုပေးထားပါတယ်”ဟု ဘဏ်တစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ‌ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေကြောင်း၊ ထို့ပြင် တိုက်ပွဲများကြောင့်ကုန်သွယ်မှုပြုလုပ်နေသည့် အဓိကလမ်းပိုင်းအချို့ ပျက်ဆီးဆုံးရှုံးမှုများရှိသလို လက်ရှိအချိန်ထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည်လည်းရပ်တန့်နေသလောက်ရှိနေကြောင်းသိရသည်။

“လားရှိူးနားတိုက်ပွဲစတာကသောကြာဆိုတော့ စနေ၊တနင်္ဂနွေ ဆက်သွားတော့ ပိတ်တယ်လို့ထင်ကြတာပေါ့။ဖွင့်နေကြပါတယ်၊တချို့ဘဏ်တွေကတော့ ဒီနေ့မှစဖွင့်တယ်လို့ကြားတယ်။ တချို့ဘဏ်ဆိုရင်စဖြစ်တဲ့နေ့ကတည်းက လုံးဝမပိတ်ဘူး။ဘဏ်တွေက ပိတ်တယ်လို့တော့ မပြောဘူး။ အခြေအနေကြည့်ပြီးဝန်ဆောင်မှုပေးကြတယ်”ဟု လားရှိုးမြို့နေ စိုင်းနောင့်ကပေါ်ပြူလာနယူးစ်သို့ဖြေကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here