မိမိတို့အပေါ် တိုက်ခိုက်မှုများ ဆောင်ရွက်လာ၍ တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

0
3420

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ် မြောက်ပိုင်း MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များမှ ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံရေးစခန်းများနှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက်ခဲ့ခြင်းများနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ (၂) ရက်နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၆/ ၂၀၂၃)သို့ တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက် နံနက်အစောပိုင်းမှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း၌ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များက နယ်မြေလုံခြုံရေးစခန်းများနှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက်ခြင်း၊ ကချင်ပြည်နယ်ရှိ လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများအား တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်းယုံ ကြည်မှုထား၍ ဆောင်ရွက်ပေးခဲ့သော်လည်း မိမိတို့အပေါ် တိုက်ခိုက်မှုများ ဆောင်ရွက်လာသဖြင့် တန်ပြန်ချေမှုန်းမှုများကို ဆက် လက်ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် မိမိအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အားလေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန်ပြောကြားထားပြီးဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဆွေးနွေးသည့်အချိန်၌ အပြုသဘောဆောင်သည့်ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here