တိုင်းဒေသကြီး ၅ ခုမှအလှူရှင်များက လုံခြုံရေးအဖွဲ့ဝင်များကို ငွေကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော်ဂုဏ်ပြုပေးအပ်

0
398

နေပြည်တော်၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊မန္တ လေးတိုင်းနှင့်မကွေးတိုင်းတို့မှ အလှူရှင်များက နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့ဝင်များကို ငွေကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော်အား နိုဝင်ဘာ ၂ ရက်က အသီးသီးဂုဏ်ပြုပေးအပ်ခဲ့ကြသည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ စေတနာရှင် ၃၅ ဦးက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၁၉၈၄ သိန်းအား ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးကလက်ခံရယူခဲ့သည်။

ရန်ကုန်တိုင်းရှိ စေတနာရှင် ၉၉ ဦးမှလည်း ရန် ကုန်တိုင်းအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ လုံခြုံရေးအဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၁၂၇၃ သိန်း ၂ သောင်း ၅ ထောင် ၆ ရာကို ဂုဏ်ပြုပေးအပ်ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့ကလက်ခံရယူခဲ့သည်။

ထို့ပြင် ဧရာဝတီတိုင်းရှိ စေတနာရှင် ၂၇ ဦးမှလည်း အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ လုံခြုံရေးအဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၇၈၁ သိန်းကိုဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

မန္တလေးတိုင်းရှိ စေတနာရှင် ၁၃၆ ဦးမှလည်း ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင် မြို့တော်ခန်းမ၌ လုံခြုံရေးအဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၆၁၀၀ သိန်းကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့အတူ မကွေးတိုင်းရှိ စေတနာရှင် ၁၃ ဦးမှလည်း မကွေးမြို့၊မြို့တော်ခန်းမ၌ လုံခြုံရေးအဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀၀၀ ကို ဂုဏ်ပြုပေးအပ်ရာ မကွေးတိုင်းဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here