ကျိုက်ထိုနှင့် အုတ်တွင်းမြို့နယ်တို့တွင်ဖမ်းမိသည့်စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်းနှင့်ပတ်သက်၍ကွင်းဆက်လိုက်​နေ

0
226

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်ခန့်က သတင်းအရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ပဲခူးမှ မြဝတီဘက်သို့ ရဲမင်းအောင် မောင်းနှင်လာသည့် CHENG LONG TIPPER ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ အမှတ် (၂) ရွာမရပ်ကွက်၊ မြို့စိုးလမ်းရှိ ကျော်ဆွေပိုင်ဆိုင်သည့် မင်္ဂလာခန်းမ (၁) ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ဒသမ ၇ သိန်း၊ နှင့် TOYOTA COROLLA AXIO မော်တော်ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။

လက်ရှိအချိန်တွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Photo – CCDAC


LEAVE A REPLY

Please enter your comment!
Please enter your name here