မန္တလေး၊ တောင်သမန်အင်း၊ ဦးပိန်တံတား ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီ

0
198

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဦးပိန်တံတား နိုဝင်ဘာ (၁) ရက်မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးပိန်တံတားမှာ လာရောက်လည်ပတ်သူများပြားခြင်းကြောင့် အောက်တိုဘာ (၂၉)ရက် သတင်းကျွတ်လပြည့်နေ့က ကျိုးကျခဲ့ရာ လက်ရှိပြန်လည်ပြုပြင်ပြီးဖြစ်၍ ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ဦးပိန်တံတား ကျိုးကျခဲ့သည့် ဖြစ်စဉ်ကြောင့် လူထိခိုက်မှု စိုးရိမ်ရအခြေအနေ မရှိခဲ့သော်လည်း အသေးစား ထိခိုက်မှုအချို့သာရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောဆိုထားသည်။

အဆိုပါ ဦးပိန်တံတားမှာ အခန်းအမှတ် (၃၃၉)နှင့် (၃၄၀)၊ (၈) ပေ (၂)ခန်း ကျိုးကျခဲ့ရာ အောက်တိုဘာ (၃၀)ရက်မှ စတင် ပြုပြင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ (၁)ရက် နံနက် (၁၁) နာရီခွဲမှ စတင်ပြီး ပုံမှန်အတိုင်း သွာလာနိုင်ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here