ဂျပန်တံတားပေါ်တွင် YBS တစ်စီးက FC Express အမြန်ချောပို့မှလူငယ်တစ်ဦးအား တိုက်မိပြီး အခင်းဖြစ်နေရာတွင် ေ-သဆုံး

0
369

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် (၁၅) ပေ ဂျပန်တံတားပေါ်တွင် YBS 9 ယာဉ်လိုင်းမှ မီနီဘတ်စ်တစ်စီးသည် FC Express မှ စက်ဘီးဖြင့် အမြန်ချောပို့သည့် လူငယ်တစ်ဦးအား တိုက်မိခဲ့ပြီး အတိုက်ခံရသည့် လူငယ်မှာ အခင်းဖြစ်နေရာတွင် ​ေ-သဆုံးခဲ့ကြောင်း ဒီဃာယုကလူမှုကူညီရေးအသင်းမှ သိရသည်။

နိုဝင်ဘာ (၂)ရက်၊ ညနေ (၄)နာရီခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ ဒီဃာယုကလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ဒီဃာယုကလူမှုကူညီရေးအသင်း မှတ်တမ်းလမ်းကြောင်း (၃) အနေနဲ့ သတင်းရလို့ သွားရောက်ကူညီခဲ့တာပါ။ ဖြစ်စဉ်နေရာအရောက် အတိုက်ခံရသူလူငယ်မှာ အခင်းဖြစ်ပွားရာ နေရာမှာပဲ အရောင်ပြောင်းနေကြောင်း တွေ့ရလို့ DB ကို ရင်ဘက်တူကမာနဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ သယ်ယူပို့ဆောင်ကူညီခဲ့ပါတယ်။”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ဆိုသည်။

အခင်းဖြစ်နေရာ၌ ရှင်သန်ရေး၊ ရင်ဘတ်တူ၊ လောကဟိတဝဟ(ကျီတော်) အသင်းများနှင့်အတူ ယာဉ်ကြောရှင်းလင်းခြင်း၊ သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့အား ကူညီပေးခြင်း၊ ရုပ်အလေ-ာင်းအား တင်ပေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရုပ်အလေ-ာင်းအား ရင်ဘက်တူကမာဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သယ်ယူပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here