မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ (၂၀) ကျော်ကို မြ န်မာ – ကိုရီးယား နှစ်နိုင်ငံအထူးကု ဆရာဝန်များ ပူးပေါင်းကာ ခွဲစိတ်ကုသ

0
153

မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံအား ဂုဏ်ပြု ကြိုဆိုသောအနေဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ (၂၆) ဦးကို နေပြည်တော်၌ ခွဲစိတ်ကုသပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ညီလာခံအကြိုလှုပ်ရှားမှုအဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် သွားနှင့်ခံတွင်းအထူးကုဆေးရုံ၊ နေပြည်တော်တို့တွင် ခွဲစိတ်ကုသပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ ကုသပေးရာတွင် နေပြည်‌တော်ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ မျက်နှာကွဲ ကလေးလူနာ (၄၀)ဦးအား စမ်းသပ် စစ်ဆေးခဲ့ပြီး နိုဝင်ဘာ (၁)ရက်တွင် နှုတ်ခမ်းကွဲလူနာ (၁၀)ဦး အာခေါင်ကွဲလူနာ (၂)ဦး စုစုပေါင်း (၁၂)ဦးအား သွားနှင့်ခံတွင်းအထူးကု‌ဆေးရုံ (နေပြည်တော်)တွင် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ (၂) ရက်တွင် နှုတ်ခမ်းကွဲလူနာ (၁၂) ဦး ၊ အာခေါင်ကွဲလူနာ (၁)ဦး၊ မျက်နှာကွဲလူနာ (၁)ဦး စုစုပေါင်း (၁၄)ဦးတို့အား နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀)တွင် ဆက်လက်၍ ခွဲစိတ်ကုသပေးခဲ့ပြီး လူနာများအားလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရသ ည်။

အဆိုပါ ခွဲစိတ်ကုသမှုများ ဆောင်ရွက်မှုကို မြန်မာသွားနှင့်ခံတွင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့် Korea University Medicine မှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ ပူးပေါင်းကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ပြည်ထောင်စု ဝန်ကြီးရုံး၊ ကုသ‌ရေး ဦးစီးဌာနနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ နိုဝင်ဘာ (၁)ရက် နံနက်ပိုင်းက သွားနှင့်ခံတွင်းအထူးကု ဆေးရုံ (နေပြည်တော်)သို့ သွားရောက်ကာ ကလေးငယ်များ ခွဲစိတ်ကုသနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခွဲစိတ်ကုသမှု ခံယူရန် စောင့်ဆိုင်း‌နေသော ကလေးလူနာများနှင့် မိဘများအား ကြည့်ရှုအားပေးကာ ကိုရီးယား – မြန်မာပူးပေါင်းခွဲစိတ်ကုသမှု ဆောင်ရွက်နေမှုအားကြည့်ရှုခဲ့ပြီး ကိုရီးယားခွဲစိတ်ကုသရေးအဖွဲ့ကို ဂုဏ်ပြုလက်ဆောင်မွန် သစ်သီးခြင်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် Korea University Medicine မှ Professor Deok- Woo Kim ဦးဆောင်သော အဖွဲ့မှာ နိုဝင်ဘာ(၃) ရက်မှ နိုဝင်ဘာ (၄)ရက်အထိ ကျင်းပမည့် မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးပညာညီလာခံ (Myanmar Dental Health Science Conference)တွင် စာတမ်းဖတ်ကြားခြင်း၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆရာဝန်များနှင့် အတွေ့အကြုံဖလှယ်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here