နိုင်ငံခြားရေးဝန်ကြီးဌာနမှအလုပ်လျှောက်လွှာခေါ်ယူ

0
106

နိုင်ငံခြားရေးဝန်ကြီးဌာနမှ လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူး (၂၀) နေရာအတွက် အလုပ်ခေါ်ယူထားကြောင်း သိရသည်။

အဆိုပါ အငယ်တန်းစာရေးရာထူးအတွက် လစာနှုန်း ကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀,၀၀၀) ကျပ်ဖြစ်ပြီး လျှောက်လွှာကို Website နှင့် Facebook page တို့တွင် ရယူနိုင်ကြောင်း သိရသည်။

ယင်း လျှောက်လွှာများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၃၀) ရက် (ကြာသပတေးနေ့) နောက်ဆုံးထားပြီး လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ရုံးချိန်အတွင်း လာရောက် တင်သွင်းနိုင်ကြောင်း အသိပေးထားသည်။

လျှောက်ထားသူသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး ဝိဇ္ဇာဘွဲ့/သိပ္ပံဘွဲ့(အထူးပြုဘာသာရပ်များ)/ဥပဒေဘွဲ့/နိုင်ငံခြားဘာသာဘွဲ့များ/စီးပွားရေးဘွဲ့များ/ကွန်ပျူတာဘွဲ့များ၊ ရိုးရိုးဘွဲ့ရဖြစ်ပါက နိုဝင်ဘာလ (၃၀) ရက်တွင် အသက် (၂၇) နှစ်ထက်မကျော်လွန်စေရ၊ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းခန့်ဝန်ထမ်း)(သို့မဟုတ်)မဟာဘွဲ့ရရှိပြီးဖြစ်ပါက နိုဝင်ဘာလ (၃၀) ရက်တွင် အသက် (၃၂) နှစ်ထက်‌မကျော်လွန်စေရ၊ အနည်းဆုံးတစ်နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ကတိခံဝန်ချက် ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် (၆) လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ (၃)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်/ဘွဲ့ထောက်ခံစာမိတ္တူ၊ အခြားတတ်ကျွမ်းသောဘာသာရပ်(ဘာသာစကား/ကွန်ပျူတာ)အောင်လက်မှတ်များ (ရှိလျှင်)၊တစ်လအတွင်းပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်းမှတ်တမ်း (မူရင်း/မိတ္တူ)၊ တစ်လအတွင်းပြလုပ်ထားသော အကျင့် စာရိတ္တကောင်းမွန်ကြောင်း၊ ပါတီ၊ နိုင်ငံရေးကင်းရှင်းကြောင်း ကျေးရွာ/ရပ်ကွက် ထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းကြောင်း၊ သက်ဆိုင်ရာရဲစခန်းထောက်ခံစာ(မူရင်း/မိတ္တူ)၊သက်တမ်းရှိအလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း/မိတ္တူ)၊ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ဌာနဆိုင်ရာ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်(မူရင်း/မိတ္တူ)၊ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပါက ဌာန၏ နှုတ်ထွက်ခွင့်ပြုကြောင်းအမိန့်စာမိတ္တူ၊ အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်၊ထုတ်ပယ်ခြင်း၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခြင်းခံထားရသူများလျှောက်ထားခွင့်မရှိကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်၊ ဖုန်း -၀၆၇ -၄၁၂၃၃၄ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here