ကြံ​စျေးတက်လာသဖြင့် ကြံ​တောင်သူတို့အဆင်​ပြေနိုင်သည့်နှစ်

0
196

ပြည်တွင်းသကြားဈေး မြင့်တက်လာခြင်းကြောင့် မြဘုရင်သကြားစက်မှ လာမည့်ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် တစ်သိန်းငါးသောင်းထိ တိုးမြင့်ဝယ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် ၉၅၀၀၀ ကျပ်အထိ တိုးမြင့် ဝယ်ယူခဲ့ရာမှ ယခုပြည်တွင်းသကြားဈေးမြင့်တက်လာခြင်းကြောင့်မြဘုရင် သကြားစက်ရုံမှ တိုးမြှင့်ဝယ်ယူမည့် နှုန်းထားကို နိုဝင်ဘာလ (၂)ရက်တွင် ထုတ်ပြန်ထားသည်။

ယခုနှစ် ကြံရာသီမတိုင်မီ ပြည်တွင်းသကြားဈေး မြင့်တက်လာခြင်းကြောင့် ကြံတစ်တန်ဈေး တိုးမြင့်ပေးဝယ်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းသည် တောင်သူများအတွက် များစွာအဆင်ပြေကြောင်း အခြားသကြား စက်ရုံများအနေဖြင့်လည်း တိုးမြှင့်ဝယ်ယူရန် မျှော်လင့်ထားကြောင်းလည်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ၅၀၀၀၀၀ ခန့်ရှိပြီး ယခင် နှစ်သကြားထုတ်လုပ်မှုမှာ တန်ချိန် ၅၀၀၀၀၀ အောက်လျော့နည်းခဲ့ခြင်းကြောင့် သကြားဈေး မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

Photo-Ministry of commerce


LEAVE A REPLY

Please enter your comment!
Please enter your name here