ကမ္ဘာအေး ဘုရားလမ်းနှင့် နဝဒေးရုပ်ရှင်ရုံ လမ်းထောင့်လမ်းဝမီးပွိုင့်တွင် ကုန်တင်ကား တစ်စီးတိမ်းမှောက်ကာ အိမ်စီးကား Honda fit ပေါ်သို့ ပိမိမှု ဖြစ်ပွား

0
197

ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းနှင့် နဝဒေးရုပ်ရှင်ရုံလမ်းထောင့်တွင် ကုန်တင်ကား တစ်စီးတိမ်းမှောက်ကာ အိမ်စီးကား Honda fit ပေါ်သို့ ပိမိမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။

ယနေ့ နိုဝင်ဘာ (၃) ရက် နေ့လည် (၂)နာရီ ဝန်းကျင်ခန့်က ကုန်တင်ကား တစ်စီးမှာ တစ်ဘက်ယာဉ်‌ကြောသို့ ရောက်ရှိ တိမ်းမှောက်ကာ အိမ်စီးကား Honda fit ပေါ်သို့ ပိမိခဲ့ခြင်းဖြစ်ကြောင်း ကနဦး သတင်းများအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရမှု အသေးစိတ် မသိရသေးကြောင်းနှင့် အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားလမ်း ခေတ္တပိတ်သွားရာ တာဝန်ရှိသူများမှ ရောက်ရှိ ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

Photo – Internet


LEAVE A REPLY

Please enter your comment!
Please enter your name here