ဩစတြေးလျ၌ မှိုဟင်းစားပြီး လူသုံးဦး‌ေ-သဆုံး၊ ချက်ကျွေးသူအမျိုးသမီးအား လူသ-တ်မှုဖြင့်တရားစွဲ

0
257

ဆစ်ဒ်နီ၊နိုဝင်ဘာ ၃

ဩစတြေးလျနိုင်ငံ၌ အမျိုးသမီးတစ်ဦးသည် သက်ကြီးရွယ်အိုသုံးဦးအား မှိုဟင်းချက်ကျွေးရာ အဆိုပါလူကြီးသုံးဦးစလုံး ‌ေ-သဆုံးသွားသည့်အတွက် ဟင်းချက်ကျွေးသူအမျိုးသမီးအား လူသ-တ်မှုဖြင့် စွဲချက်တင်အမှုဖွင့်ထားသဖြင့်ရုံးတော်သို့ လာရောက်ထွက်ဆိုခဲ့ကြောင်းသိရသည်။

အသက် ၄၉ နှစ်အရွယ်ရှိ မစ္စပက်တာဆန်အား လူသုံးယောက်အားသ-တ်မှုနှင့် ငါးကြိမ်တိုင်တိုင်လူသ-တ်ရန်ကြိုးပမ်းမှုတို့ဖြင့် တရားစွဲဆိုထားခဲ့ခြင်းဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရသိရသည်။

မစ္စပက်တာဆန်သည် အာမခံမယူခဲ့ပေ။ ၎င်း၏အမှု အတွက် ဒုတိယ ရုံးချိန်းအား လာမည့် ၂၀၂၄ ခုနှစ် မေလမှ ကြားနာစစ်ဆေးမည်ဖြစ်သည်ဟုသိရသည်။ ယခုဖြစ်စဉ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

‌ေ-သဆုံးသူသုံးဦးအနက် နှစ်ဦးသည် မစ္စပက်တာဆန်ခင်ပွန်းဟောင်း၏မိဘများဖြစ်ကြပြီး ကျန်တစ်ဦးမှာ ၎င်းတို့၏ညီမဖြစ်ကြောင်းလည်းသိရှိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here