ကန်နိုင်ငံခြားရေးဝန်ကြီးက ဂါဇာရှိအရပ်သားများ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အစ္စရေးတွင်ဆွေးနွေးမည်ဟုဆို

0
171
US Secretary of State Antony Blinken waves as he disembarks from an aircraft for the start of his visit to Israel, amid the ongoing conflict between Israel and the Palestinian Islamist group Hamas, at Ben Gurion International airport near Tel Aviv on November 3, 2023. - Blinken arrived in Israel on November 3, an AFP correspondent travelling with him said, in a trip focused on measures to minimise harm to civilians in the war in Gaza. (Photo by JONATHAN ERNST / POOL / AFP)

ဝါရှင်တန်၊နိုဝင်ဘာ ၃

အစ္စရေး၏ စဉ်ဆက်မပြတ်တိုက်ခိုက်မှုများကြောင့် အထိနာနေသည့် ဂါဇာရှိအရပ်သားပြည်သူများ အထိအခိုက်အနည်းဆုံးဖြစ်စေရန် အစ္စရေး ခရီးစဥ်တွင်ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွင်း ဒုတိယအကြိမ်မြောက် အစ္စရေးသို့သွားမည့် မစ္စတာဘလင်ကန်က ၎င်းအနေဖြင့် အစ္စရေးဘက်မှဟားမတ်စ်အားအနိုင်ရရှိပြီးပါက ဂါဇာအတွက်အထောက်အကူပစ္စည်းများ ပိုမိုရရှိစေရန်ဆွေးနွေးမည်ဖြစ်ကြောင်းဆိုခဲ့သည်။

ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဓ-ားစာခံများလွတ်မြောက်ရေးအတွက်လည်း ထည့်သွင်းဆွေးနွေးသွားမည်ဟုဆိုခဲ့သည်။

အစ္စရေး – ဟားမတ်စ်ပဋိပက္ခသည် ပြီးခဲ့သည့်အောက်တိုဘာ ၇ ရက်နေ့တွင် ဟားမတ်စ်ကစတင်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၄၀၀ ကျော်‌ေ-သဆုံးခဲ့ရသဖြင့် အစ္စရေးဘက်မှ လေကြောင်းဖြင့်ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသခံ‌ ၉,၀၆၁ ဦး‌ေ-သဆုံးခဲ့ကာ ယင်းတို့အနက် ကလေးငယ် ၃,၇၆၀ ဦးနှင့် အမျိုးသမီး ၂,၃၂၆ ဦးပါဝင်ကြောင်း ဂါဇာကျန်းမာရေးဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here