အစ္စရေးအတွက် ဒေါ်လာ ၁၄.၅ ဘီလီယံ စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ် အမေရိကန်လွှတ်တော် အတည်ပြု

0
195

အစ္စရေးအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၁၄.၅ ဘီလျံ ပေးအပ်သည့် ရီပတ်ဘလီကန်အမတ်များ၏ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်က အတည်ပြုခဲ့သည်။ အမေရိကန်၏ မဟာမိတ်အစ္စရေးကို ရီပတ်ဘလစ်ကန်အမတ်အများစုက ထောက်ခံခဲ့ကြသော်လည်း ပါတီတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပြည်တွင်းအခွန်များ ဝန်ဆောင်မှုကို ဖြတ်တောက်မှုဖြင့် ငွေကြေးထောက်ပံ့သည့် အဆိုပါ အစီအစဉ်ကို ကြာသပတေးနေ့တွင် မဲပေးသူ ၂၂၆ ဦးအနက် ထောက်ခံမဲ ၁၉၆မဲဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီအစဉ်သည် ရီပတ်ဘလစ်ကန် အောက်လွှတ်တော် ဥက္ကဋ္ဌသစ် မိုက်ဂျွန်ဆန်လက်ထက်တွင် ပထမဆုံးသော အဓိက ဥပဒေပြုရေး လုပ်ဆောင်ချက်ဖြစ်သည်။

အဆိုပါ အစီအစဉ်တွင် အစ္စရေး၏ Iron Dome နှင့် David’s Sling ဒုံးကျည်ကာကွယ်ရေးစနစ်များနှင့် အခြားစစ်ဘက်ဆိုင်ရာပစ္စည်းများကို ပြန်လည်ဖြည့်တင်းရန် ဒေါ်လာ ၄ ဘီလီယံ ပါဝင်သည်။

ဂျွန်ဆင်သည် အဆိုပါ ဥပဒေကြမ်းကို အမြန်အတည်ပြုရန် အထက်လွှတ်တော်နှင့် အိမ်ဖြူတော်တို့ကို ကြာသပတေးနေ့မှာပင် တိုက်တွန်းခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here