ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ(၁၃) ကြိမ်မြောက် မဟာဘုံကထိန်လှူဒါန်း

0
205

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ (၁၃) ကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နိုဝင်ဘာ(၃) ရက် နံနက်ပိုင်းက ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ ‌တက်ရောက်ကာ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒစရိယ ဆရာတော် ၊ နေပြည်တော် ၊ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အ ဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ ၊ ပျဉ်မနားမြို့ ၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာ တော်ကြီးများ အမှူးပြုသော ပင့်သံဃာ (၂၇) ပါး ကြွရောက်တော် မူခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပေါက်မြိုင်ကျောင်းတိုက်ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူကြကာ ကထိန်သင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here