ဗိုလ်တထောင်ဆိပ်ကမ်းရှိ သင်္ဘောပေါ်တွင် မီးလိုင်းတပ်ဆင်သူတစ်ဦး ဓာတ်လိုက်‌ေ-သဆုံးမှုဖြစ်ပွား

0
206

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြိုနယ်၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ သင်္ဘောတစ်စင်းပေါ်တွင် မီးလိုင်းတပ်ဆင်သူတစ်ဦး ဓာတ်လိုက်‌ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါဖြစ်စဥ်သည် ယနေ့ (နိုဝင်ဘာ ၃ ရက်) ညနေ ၄ နာရီ ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ေ-သဆုံးသူမှာ အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

“ သူက မီးပြင်နေရင်းနဲ့ ဓာတ်လိုက်ပြီး သတိမေ့သွားတာ၊ သိသိချင်း ပရဟိတအသင်းတွေဆီ ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်၊ သူတို့မလာခင်မှာလည်း ပြုစုတာတွေလုပ်ပေးခဲ့တယ်၊ ဆေးရုံပို့ခဲ့ပေမယ့် အသက်မမှီလိုက်ပါဘူး” ဟု ဗိုလ်တထောင်ဆိပ်ကမ်းတွင် စျေးရောင်းချနေသူတစ်ဦးက ပေါ်ပြူလာနယူးစ် သို့ပြောသည်။

ဓာတ်လိုက်ပြီး သတိလစ်သွားသည့်အမျိုးသားအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ပိုဆောင်ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် ေ-သဆုံးသွားသည့်အတွက် PR နံပါတ် 049 ဖြင့် အပ်နှံပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လင်းလက်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here