ရှမ်းမြောက် တရုတ်နယ်စပ်အနီး တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား (၁၆၂) ဦးကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ခိုလှုံခွင့်ပေးထား

0
275

ရှမ်းပြည်နယ် (မြောက်ပိုင်း) တရုတ်နယ်စပ်အနီး တိုက်ပွဲများ ပြင်းထန်နေသည့် နယ်စပ်မြို့တစ်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား (၁၆၂) ဦးကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ခိုလှုံခွင့်ပေးထားကြောင်း Thai PBS သတင်းဌာနဖော်ပြချက်အရ သိရသည်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးချုပ် Srettha Thavisin သည် မြန်မာနိုင်ငံ လောက်ကိုင်မြို့တွင် ထိုင်းလူမျိုး ၁၆၂ ဦး ပိတ်မိနေသည်ကို အကြောင်းကြားထားပြီးဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထိုင်းလူမျိုးများကို ဘေးကင်းလုံခြုံသည့် အမိုးအကာတွင် အခြေချပြီး လိုအပ်သည်များကို ပံ့ပိုးပေးနေကြောင်းနှင့် ထိုင်းနိုင်ငံသို့ အမြန်ဆုံး ပြန်ပို့နိုင်ရေး နည်းလမ်းများကို မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်း ထိုင်းသံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အနှံ့အပြားတွင် တစ်ပတ်ကြာ ထိတွေ့မှုများ ဖြစ်ပွားနေပြီး တိုက်ပွဲများပြင်းထန်နေကြောင်းနှင့် လောက်ကိုင်တွင် ပိတ်မိနေသော နီပေါ၊ အီသီယိုးပီးယားနှင့် လာအိုတို့ အပါအဝင် နိုင်ငံခြားသား (၅၀၀) ခန့်တွင် ထိုင်းလူမျိုးများလည်း ပါဝင်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံခြားသားများကို အဆိုပါ ဒေသ၌ လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်ဂိုဏ်းများမှ မကြာသေးမီက ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်းနှင့် မူဆယ်မြို့တို့တွင် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး လမ်းများပိတ်ခြင်း၊ စစ်ဆေးရေးဂိတ်များပိုမို တိုးမြှင့်ခြင်းများ ပြုလုပ်နေခြင်းကြောင့် အရပ်သားနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကို ထိခိုက်နေရကြောင်း ထိတွေ့မှုများကြောင့် လူဦးရေ (၆၂၀၀) ကျော် နေရပ်စွန့်ခွာ တိမ်း‌ရှောင်နေရကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here