အွန်လိုင်းစနစ်ဖြင့် ဆန်တန်ချိန် ၅၀ နှင့် စပါးတင်း ၅၀၀၀ အထက် သိုလှောင်သည့်လုပ်ငန်းများ စတင်မှတ်ပုံတင်နိုင်ပြီ

0
375

နိုဝင်ဘာ ၃ ရက်နေ့မှစတင်ပြီး ဆန်တန်ချိန် ၅၀ နှင့် စပါးတင်း ၅၀၀၀ အထက် သိုလှောင်သည့်လုပ်ငန်းများ Online Registration စနစ်ဖြင့် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှစတင်၍ Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo)- www.myro.com.mm တွင် မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် သိုလှောင်ရုံများအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်တမ်းတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ခံမှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန ဖုန်း-၀၆၇-၃၄၃၀၅၆၃၊ ၀၆၇-၃၄၃၀၁၃၁ နှင့် Myanmar International Trade Center အမှတ် ၆၂၂/၆၂၆၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်-၀၁-၃၈၅၃၂၃ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here