ဂါဇာရှိ AFP သတင်းဌာနရုံး ဒုံးကျည်အပိုင်းအစအချို့ ထိမှန်ပျက်စီး

0
246

ဂါဇာမြို့ရှိ AFP သတင်းဌာန၏ ဂါဇာဗျူရိုရုံးအား ဒုံးကျည်အပိုင်းအစများထိမှန်ပျက်စီးခဲ့သည်။

သတင်းဌာနကို ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းမဟုတ်ကြောင်းနှင့်၊ သတင်းဌာနရုံး အနီးတဝိုက်ရှိပစ်မှတ်များကို ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ရာမှ အစအနများလွင့်စင်ထိမှန်ခြင်းဖြစ်နိုင်သည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)ကပြောကြားကြောင်း အစ္စရေးသတင်းဌာနများက ရေးသားဖော်ပြကြသည်။ သို့ရာတွင် ရုံးတည်ရာအဆောက်အအုံမှာမူ သိသိသာသာပင်ပျက်စီးသွားခဲ့သည်။

သတင်းဌာနရှိ ဝန်ထမ်း ၈ ဦးစလုံး တောင်ပိုင်းဆီသို့ စွန့်ခွာခဲ့ပြီးဖြစ်သဖြင့် ဒုံးကျည်ထိမှန်ချိန်တွင် ရုံးတွင်းဝယ် လူသူတစ်ဦးတစ်ယောက်မျှ မရှိတော့ကြောင်းသိရသည်။

ပြင်သစ်နိုင်ငံ အခြေစိုက် AFP သတင်းဌာနသည် ဂါဇာကမ်းမြှောင်၏ လက်ရှိအခြေအနေများကို အချိန်နှင့်တပြေးညီ တင်ပြနေသော နိုင်ငံတကာသတင်းဌာနကြီး ၃ ခုအနက်တစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here