နီပေါ၌ ငလျင်လှုပ်ခတ်သဖြင့် လူပေါင်း ၁၂၈ ဦးအထိ‌ေ-သဆုံး

0
298
Survivors are seen at a corridor of the Jajarkot district hospital in the aftermath of an earthquake in Jajarkot on November 4, 2023. - More than 60 people were killed when a shallow 5.6-magnitude earthquake hit a remote pocket of Nepal, officials said early on November 4. The tremor hit the far west of the Himalayan country late Friday and was measured by the US Geological Survey at just 18 kilometres (11 miles) deep. (Photo by Balkumar Sharma / AFP)

ခတ္တမန်ဒူ၊နိုဝင်ဘာ ၄

နီပေါနိုင်ငံအနောက်မြောက်ပိုင်း၌ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၂၈ ဦးအထိ‌ေ-သဆုံးကာ ဒါဇင်နှင့်ချီပြီးဒဏ်ရာရရှိခဲ့ကြကြောင်းသိရသည်။လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း အင်တိုက်အားတိုက်ဆောင်ရွက်နေကြကြောင်းသိရှိရသည်။

အချို့နေရာများတွင် ဆက်သွယ်ရေးပြတ်တောက်နေသဖြင့် ‌ေ-သဆုံးမှုနှုန်း ထပ်မံမြင့်တက်လာနိုင်သည်ဟု အာဏာပိုင်များကခန့်မှန်းထားကြသည်။

ရဟတ်ယာဉ်များနှင့်ဆရာဝန်များကိုခေါ်ဆောင်လာကာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး မြေပြင်မှကယ်ဆယ်ရေးသမားများကလည်း အပျက်အစီးများအောက်ပိတ်မိနေသည့်သူများနှင့် ပိတ်မိ‌ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများကိုပါ တူးဖော်ကယ်ဆယ်နေကြကြောင်းလည်းသိရသည်။

“ရုတ်တရက် အရှိန်နဲ့လှုပ်လာတာကိုသိလိုက်ရတဲ့အချိန် ထွက်ပြေးဖို့ကြိုးစားပေမဲ့ အိမ်ပြိုကျလာတာကြောင့် ခန္ဓာကိုယ်တစ်ပိုင်းကအပျက်အစီးအောက်ပိတ်မိနေခဲ့တာပါ” ဟု ဆေးရုံတွင်ကုသမှုခံယူနေရသည့်ဒေသခံတစ်ဦးကပြောကြားခဲ့သည်။

တောင်ကုန်းထူထပ်သော နီပေါတွင် ငလျင်မကြာခဏလှုပ်လေ့ရှိပြီး ၂၀၁၅ ခုနှစ်တွင် ပြင်းအား ၇ ဒသမ ၈ ရစ်ခ်ျတာစကေးရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူပေါင်း ၉,၀၀၀ ခန့်‌ေ-သဆုံးပြီး အဆောက်အဦပေါင်းတစ်သန်းခန့်ပျက်စီးခဲ့သည်ဟုလည်းသိရသည်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံအနေဖြင့်လည်း နီပေါ၏ငလျင်ဘေးသင့်ပြည်သူများအတွက် ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် လိုအပ်သောအကူအညီများထောက်ပံ့ရန် အသင့်ရှိကြောင်းကိုပါ ဝန်ကြီးချုပ်မိုဒီကပြောကြားခဲ့သည်။

Source : AP News


LEAVE A REPLY

Please enter your comment!
Please enter your name here