မိသားစုနှင့် စိတ်အခန့်မသင့် စကားများပြီး အသက် (၂၂) အရွယ်အမျိုးသားတစ်ဦး အရက်ပျံသောက်ခဲ့ရာ အဆိပ်တက်မှုဖြစ်ပွား

0
309

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှ အသက် (၂၂) အရွယ်အမျိုးသားတစ်ဦးသည် မိသားစုနှင့် စိတ်အခန့်မသင့် စကားများပြီး အရက်ပျံသောက်ခဲ့ရာ အဆိပ်တက်မှု ယမန်နေ့ (နိုဝင်ဘာ ၃) ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်သည် ယမန်နေ့ည ၉ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အန်ခြင်းနှင့် ဝမ်းသွားခြင်းများဖြစ်ပေါ်နေသည့်အတွက် လူနာအား လင်းလက်လူမှုကူညီရေးအသင်းက ဂျပန်ဆေးရုံသို့ ပို့ဆောင်ကူညီလိုက်ကြောင်း သိရသည်။

“သူက အရက်ပျံသောက်ပြီး အဆိပ်ဖြစ်သွားတော့ ဝမ်းတွေလည်းတောက်လျောက်သွားတယ်၊ အိမ်ကမိသားစုနဲ့ စိတ်အခန့်မသင့်ဖြစ်စကားများတယ်လို့ သိရတယ်။ အဲ့တာနဲ့ စိတ်ညစ်ပြီးသောက်လိုက်တာပါ” ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

လူနာ၏ အခြေအနေမှာ အရမ်းမစိုးရိမ်ရသော်လည်း သောက်လိုက်သည့် အရက်ပျံပမာဏကို မသိရသည့်အတွက် ဆေးရုံမှ အူလမ်းကြောင်းဆေးခြင်းနှင့် လိုအပ်သည်များ ဆောင်ရွက်နေပြီး အသက်အန္တရယ်လွတ်ကင်းဖို့များကြောင်း သိရသည်။

ဓာတ်ပုံ – လင်းလက်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here