ပြည်တွင်းရွှေစျေး (၃၅) သိန်းအထိ ပြန်လည်မြင့်တက်လာ

0
314

ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေစျေးလည်း လိုက်ပါမြင့်တက်လာရာ အခေါက်ရွှေတစ်ကျပ်သား (၃၅) သိန်းကျပ်အထိ ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၄ သိန်းကျပ် ဝန်းကျင်ရှိရာမှ ယခုလဆန်းပိုင်းတွင် ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြည်တွင်းရွှေနှုန်းသည် အမြင့်ဆုံး စျေးနှုန်းဖြစ်သည့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ အထိ ရောက်ရှိခဲ့ပြီး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ကာ စက်တင်ဘာနှင့် အောက်တိုဘာလ ကုန်ပိုင်းအထိ ၃၄ သိန်းကျပ် ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။

ကမ္ဘာ့ရွှေစျေးသည် ယနေ့နံနက်တွင် ရွှေတစ်အောင်စလျှင် ၁၉၉၃ ဒေါ်လာဖြစ်ပြီး ဗဟိုဘဏ်၏ အွန်လိုင်းရောင်းချသည့် စနစ်တွင်သတ်မှတ်ထားသည့် ဒေါ်လာစျေးနှုန်းဖြစ်သော တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် တွက်ချက်ထားသည့် ရန်ကုန်ရွှေလုပ်ငန်းရှင်များ အသင်း၏ ယနေ့နံနက်ပိုင်း ရည်ညွှန်းစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၃,၁၁၆,၅၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ရွှေဈေးမြင့်တက်လာသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး နှစ်ကုန်ပိုင်းမှသာ အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here