ပြင်ဦးလွင် မြို့ပတ်လမ်း ကိုးမြို့ရှင်နတ်နန်းရှေ့တွင် ဆိုယ်ကယ် (၂) စီး တိုက်မိပြီး အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရ

0
273

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ၊ မြို့ပတ်လမ်းတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ နိုဝင်ဘာ (၄) ရက်၊ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ မြို့ပတ်လမ်း၊ ကိုးမြို့ရှင်နတ်နန်းရှေ့တွင် ဆိုယ်ကယ် (၂) စီး တိုက်မိခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်မှ သန္တိသုခအခမဲ့ လူမှုကူညီရေး အသင်းသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သည့်အတွက် သွားရောက် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြင်ဦးလွင်မြို့ မြို့ပတ်လမ်း ကိုးမြို့ရှင်နတ်နန်းရှေ့မှာ ဆိုင်ကယ်ချင်း မတော်တဆတိုက်မိတာ ၊ ဒဏ်ရာရ အမျိုးသမီး လူနာ (၁)ဦးကို အာရောဂျံဆေးရုံသို့ အချိန်မှီ ပို့ဆောင်ကူညီခဲ့ပါတယ်”ဟု သန္တိသုခ အခမဲ့ လူမှုကူညီရေး အသင်းက ဆိုသည်။

ဖုန်းဆက် အကူညီတောင်းခံမှုကြောင့် သန္တိသုခ အခမဲ့ လူမှုကူညီ‌ရေးအသင်းမှ သွားရောက်ကူညီပေးခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရ အမျိုးသမီးလူနာ (၁)ဦးအား အာရောဂျံဆေးရုံသို့ အချိန်မှီ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here