ဝဥ ကိုရေလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည်

0
240

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ဝဥကို ရေလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း ဝဥစိုက်ပျိုးသူများထံမှ သိရသည်။

ဝဥများကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းမှတဆင့် အများဆုံးတင်ပို့ခြင်းဖြစ်သော်လည်း ယခုအခါ လမ်းကြောင်းများပိတ်နေသည့်အတွက် ရေလမ်းကြောင်းမှတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစတင်ကာ ပြည်တွင်း၌ ဝဥများ စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဝဥစက်ရုံများပြန်လည် လည်ပတ်နေပြီဖြစ်ပြီးဝဥအစိုများကို စက်ဖြင့် ရေဆေးကာ အခွံခွာ ပါးပါးလှီး၍ အခြောက်ခံပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ဝဥ အခြောက်များကို ယခင်က တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ချင်းရွှေဟော်နယ်ကုန်သွယ်ရေးလမ်းကြောင်းမှ အဓိက တင်ပို့နေခြင်းဖြစ်ပြီး ယခုအခါ နယ်စပ်လမ်းကြောင်းများရပ်တန့်နေသည့်အတွက် ရန်ကုန်ဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းဆိပ်ကမ်းသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

ဝဥကို ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် စိုက်ပျိုးပြီး ဝဥသီးနှံစိုက်ဧကပေါင်း ၁၃,၀၀၀ ကျော်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here