လေးဒေါင့်ကန်လမ်းမကြီးပေါ် ခပ်ချီးယားမှတ်တိုင်အနီး လမ်းဘေးရပ်ထားသည့် Light Truck ကားအား အိမ်စီးကားမှ ဝင်တိုက်ရာ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ

0
359

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းမကြီးပေါ် ခပ်ချီးယားမှတ်တိုင်အနီး Light Truck ကားအား အိမ်စီးကား တစ်စီးက အနောက်ဘက်မှ ဝင်ရောက်တိုက်မိခဲ့ရာ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်း(ရန်ကုန်)မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ (၄) ရက် ညပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းမကြီးပေါ် ခပ်ချီးယား မှတ်တိုင်အနီး ယာဉ်တိုက်မှု သတင်းအရ Medical လူငယ်များ လူမှုကူညီရေးပရဟိတအသင်းမှ သွားရောက် ကူညီခဲ့ခြင်းဖြစ်သည်။

“လမ်းဘေးရပ်ထားတဲ့ ကားကို ဝင်ရောက်တိုက်မိတဲ့ ဖြစ်စဉ်ကို ကူညီမှုလမ်းကြောင်း အမှတ်စဉ် (၄) အဖြစ် ကူညီခဲ့တာပါ။ မျက်ခုံးကွဲထိခိုက် အမျိုးသား လူနာ(၁)ဦးကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ Medical လူငယ်များ လူမှုကူညီရေးအသင်း(ရန်ကုန်)မှ သွားရောက်ကူညီပို့ဆောင်ခဲ့ပါတယ်။”ဟု အသင်းက ဆိုသည်။

ဖြစ်စဉ်နေရာအရောက် လမ်းဘေးရပ်ထားသော Light Truck ကားအား အိမ်စီးကား တစ်စီးက အနောက်မှ ဝင်ရောက်တိုက်မိခြင်းဖြစ်ပြီး အိမ်စီးကားမှ အမျိုးသား (၁)ဦးမှာ မျက်ခုံးကွဲထိခိုက်ဒဏ်ရာရခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံသို့ Medical လူငယ်များလူမှုကူညီရေးအသင်း(ရန်ကုန်)မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here