ဒေလီမြို့ လေထုညစ်ညမ်းမှု WHO ၏ကျန်းမာရေးကန့်သတ်ချက်ထက် အဆ ၁၀၀ အထိပိုမိုလာ

0
355

ဒေလီမြို့ရှိ လေထုအရည်အသွေးညစ်ညမ်းမှုသည် သောကြာနေ့တွင် ပြင်းထန်သောအဆင့်သို့ရောက်ရှိသွားပြီး မြို့တော်တစ်ဝန်းတွင် အဆိပ်သင့်မီးခိုးမြူများထူထပ်စွာဖုံးလွှမ်းသွားကာ အိန္ဒိယနိုင်ငံ၏မြို့တော်ဒေလီအတွက် နှစ်စဉ်ကပ်ဆိုးဖြစ်နေသည့် လေထုညစ်ညမ်းမှုရာသီကို စတင်လာခဲ့သည်။

မြို့တော်၏ လေထုညစ်ညမ်းမှု အညွှန်းကိန်းမှာ ၅၀၀ သို့ ရောက်ရှိသွားသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရပြီး ဒေလီတစ်ဝိုက်တွင် မလိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်း ပိတ်ပင်ထားသည်။

လက်ရှိ လေထုညစ်ညမ်းမှုအညွှန်းကိန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကျန်းမာရေးအတွက်ကန့်သတ်ချက်ထက် အဆ ၁၀၀ ခန့်ပိုမိုနေသည်။

ဒေလီမြို့တော်၏ လေထုအရည်အသွေးသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ပို၍ပို၍ ညစ်ညမ်းလာခဲ့ပြီး၊ ဒေလီမြို့ အနီးနားရှိ Haryana နှင့် Punjab ပြည်နယ် တို့မှ လယ်သမားများက သီးနှံစိုက်ပျိုးရာသီတွင် ၎င်းတို့၏လယ်မြေများကို မီးရှို့မှုကြောင့်လည်း လေထုညစ်ညမ်းမှုပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်းသိရသည်။

မကြာသေးမီရက်များအတွင်း ပန်ဂျပ်ပြည်နယ်တွင် လယ်ယာမြေမီးရှို့မှု ၇၄၀ ရာခိုင်နှုန်း တိုးလာခဲ့ပြီး တစ်ရက်တည်းတွင် လယ်ယာမြေတစ်ထောင်ကျော်မီးရှို့ကြကြောင်း စံချိန်တင်ခဲ့သည်။ မြို့တော်အတွင်း လေထုညစ်ညမ်းစေသော အခြားအကြောင်းရင်းများမှာ ကားများမှ ဓာတ်ငွေ့များထုတ်လွှတ်မှု၊ ဆောက်လုပ်ရေးနှင့် အမှိုက်စက်ရုံများမှ အမှုန်အမွှားများ စသည်တို့ကြောင့် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here