အမျိုးသားများထံမှ ငွေချူနည်း စာအုပ်ထုတ်ဝေသူဂျပန်အမျိုးသမီး ဖမ်းဆီးထိန်းသိမ်းခံရ

0
420

တိုကျို၊‌နိုဝင်ဘာ ၄

ဂျပန်နိုင်ငံမှ အသက် ၂၅ နှစ်အရွယ်ရှိ မိုင်ဝါတာနာဘေးအမည်ရှိသောအမျိုးသမီးသည် အမျိုးသားများထံမှ ငွေချူနည်းလမ်းညွှန် စာအုပ်အား ရေးသား ဖြန့်ဝေခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်းအာဏာပိုင်များကဆိုသည်။

အဆိုပါအမျိုးသမီးသည် အွန်လိုင်းပေါ်ရှိ ၎င်း၏ဖော်လိုဝါများအား ငွေချူနည်းလမ်းညွှန်ကို ယခု ကဲ့သို့ မျှဝေခဲ့သည့်အတွက် ပြီးခဲ့သည့်ဩဂုတ်လကတည်းက ဖမ်းဆီးခံခဲ့ရခြင်းလည်းဖြစ်သည်။

၎င်းသည် “Textbook for Sugar Babies” “The Right Profile and Magical Words to Make Men Pay” အစရှိသည့် ခေါင်းစဉ်များပါဝင်သည့်အမျိုးသားများ ကျ အောင်၊ သနားအောင် ဇတ်လမ်းဆင် ပြောဆို၍ ငွေချူစားနည်းကို မျှဝေခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ‌မျှဝေမှုတွင် ကလေ-းကို မုန့်ပေးကြိုက်ကြသော အဖေအရွယ် အမျိုးသားများကို ချဉ်းကပ်နည်းနှင့် ၎င်းတို့ထံမှငွေများအား တတ်နိုင်သမျှရစေနည်းများပါဝင်ပြီး စပွန်ဆာပေးသည့်အမျိုးသားများအားစည်းရုံးရာ၌လည်း ငယ်စဉ်က မည်ကဲ့သို့ ဒုက္ခရောက်ခဲ့ကြောင်းလှည့်ဖျားပြောဆိုကာ အဆိုပါအမျိုးသားများထံမှ ကိုယ်ချင်းစာတရားနှင့်အိတ်ကပ်ထဲမှပိုက်ဆံအရယူနည်းများကိုပါထည့်သွင်းဖော်ပြထားသည်။

ကျန်နည်းဗျူဟာများတွင်မူ ကျန်းမာရေးအခြေအနေကြောင့်အလုပ်မလုပ်နိုင်ကြောင်းနှင့် မကြာမီအိမ်လခပေးရတော့မည်ဖြစ်သဖြင့် ငွေအရေးတကြီးလိုနေကြောင်းစသဖြင့် လိမ်လည်နည်းများပါဝင်သည်။

နာကာရဲဌာန၏ပြောကြားချက်အရ မစ္စဝါတာနာဘေးသည် ၎င်း၏လမ်းညွှန်ချက်များအား ပြီးခဲ့သည့်နှစ်ကတည်းက ယန်း ၁၀,၀၀၀ နှင့် ၂၀,၀၀၀ ကြားတန်ဖိုးဖြင့် စတင်ရောင်းချနေခဲ့ခြင်းလည်းဖြစ်ကြောင်းသိရသည်။

Source : Oddity Central


LEAVE A REPLY

Please enter your comment!
Please enter your name here