ကယားပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၄ ခုခွင့်ပြုထား

0
408

ကယားပြည်နယ်၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၄)ခုခွင့်ပြုထားကြောင်း ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစစ်အောင်က နိုင်ငံပိုင်သတင်းဌာနသို့ ဖြေကြားထားသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ(၃ ဒသမ ၁၈၂) သန်းနှင့် မြန်မာကျပ်ငွေ သန်းပေါင်း(၂၀၀၀၀)ကျော်ကို ခွင့်ပြုထားကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ကယားပြည်နယ်သည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် သတ်မှတ်ချက် ဇုန် (၁) တွင်ပါဝင်ပြီး စီးပွားဖြစ် စတင်သည့်ကာလအပါအဝင် တစ်ဆက်တည်းတွင် (၇) နှစ်အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ကြည့်မည်ဆိုပါက ကယားပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန်လည်း ဖိတ်ခေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here