(၀)မိုင်နှင့် (၃၃၅)မိုင်မှလွဲ၍ ရန်ကုန် – မန္တလေးအမြန်လမ်းတွင် ယာဉ်သွားလာမှု (၂၄) နာရီပြန်လည်ခွင့်ပြုထား

0
304

နိုဝင်ဘာ (၁)ရက်မှ စတင်ပြီး ရန်ကုန် – မန္တလေးအမြန်လမ်းပေါ်တွင် ယာဉ်အသုံးပြုမှုကို (၂၄) နာရီ အချိန်ပြည့် ပြန်လည်ခွင့်ပြုပေးထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

(၀)မိုင်နှင့် (၃၃၅) မိုင်တွင် အချိန်ကန့်သတ်ထားဆဲဖြစ်ပြီး ည (၁၂)နာရီမှ မနက်(၄) နာရီ အထိ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးတွင် ညဘက်ယာဉ်သွားလာမှုကိုပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ပြီး အချိန်ကန့်သတ်ထားခြင်းဖြစ်သည်။

“လမ်းပိုင်းတစ်ချို့ကို ဖြေလျှော့ပေးလိုက်တာပါ။ အကုန်လုံးတော့မဟုတ်ဘူးပေါ့။ ဒီလို အချိန်လေးတွေ ဖြေလျှော့ပေးလိုက်တာ အဆင်ပြေပါတယ်”ဟု အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။

ယခင်က အမြန်လမ်းတွင် ယာဉ်သွားလာမှု ည(၁၂)နာရီမှ မနက်(၄) နာရီအထိ ကန့်သတ်ထားသည့်အတွက် မော်တော်ယာဉ်များအနေဖြင့် ညဘက်သွားလာမှုများ မပြုလုပ်တော့ဘဲ အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများမှာ နီးစပ်ရာစားသောက်ဆိုင်များနှင့် ယာဉ်ရပ်နားစခန်းများတွင် ညအိပ်ရပ်နားကာ မနက် (၄) နာရီတွင် ပြန်လည်ထွက်ခွာခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here