MNA မှ ရန်ကုန်-ကူမင်း-ရန်ကုန် လေကြောင်းလိုင်း ယနေ့စတင်ပြေးဆွဲ

0
260

မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန် – ကူမင်း-ရန်ကုန် ခရီးစဉ်ကို ယနေ့ နိုဝင်ဘာလ (၅) ရက်နေ့တွင် စတင်ပျံသန်းပြေးဆွဲပေးနေပြီဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ အသိပေးထုတ်ပြန်ထားသည်။

ခရီးစဉ်သစ်စတင်သည့် အထိမ်းအမှတ် ဖဲကြိုးဖြတ်အခမ်းအနားအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal -1 တွင်ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်-ကူမင်း ခရီးစဉ် (UB- 805)တွင် ခရီးသည်အရေအတွက် ၃၇ ဦးလိုက်ပါခဲ့ကြောင်း သိရသည်။

အလားတူ ကူမင်း-ရန်ကုန် ခရီးစဉ် (UB- 806)တွင် ခရီးသည်အရေအတွက် ၃၉ ဦးပျံသန်းလိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သစ်ကို တစ်ပါတ်လျှင် သုံးကြိမ် တနင်္လာနေ့၊ သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 မှ Boeing 737-800 NG လေယာဉ်ဖြင့်ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားမှာ အသွားတစ်ကြောင်းလျှင် USD ၂၇၉ ဒေါ်လာ ၊ အသွားအပြန်လေယာဉ်လက်မှတ်ခနှုန်းထားမှာ USD 464 ဒေါ်လာ ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here