လန်ဒန်၊နိုဝင်ဘာ ၅
ပါလက်စတိုင်းကို လိုလားသော ဆန္ဒပြသူများသည် နိုဝင်ဘာ ၄ ရက်က လန်ဒန်၊ဘာလင်၊ပါရီ၊အန်ကာရာ၊အစ္စတန်ဘူလ်နှင့်ဝါရှင်တန်တို့တွင် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရန်တောင်းဆိုခဲ့ပြီး ဟားမတ်စ်ကိုစစ်ရေးအရပြင်းထန်စွာချေမှုန်းခဲ့သော အစ္စရေးကိုပြစ်တင်ရှုံ့ချခဲ့ကြသည်။
ဆန္ဒပြသူများသည် “ပါလက်စတိုင်းအားလွတ်လပ်ခွင့်ပေး” ၊ “ချက်ချင်းအပစ်အခတ်ရပ်စဲပါ” ၊ ” ငါတို့သည်ပါလက်စတိုင်းပြည်သူများနှင့်တစ်သားတည်းဖြစ်သည်” ဟူသောစာတန်းများပါဝင်သည့် အလံများကိုင်ဆောင်ကာ ချီတက်ကြွေးကြော်ခဲ့ကြသည်။
လူမျိုးရေးမုန်းတီးအောင်လှုံ့ဆော်ခြင်းနှင့် လူမျိုးရေးခွဲခြားမှုပိုမိုဆိုးရွားစေခြင်းတို့ဖြင့်လည်း ဖမ်းဆီးမှု ၂၉ ခုပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
အမေရိကနှင့်ဗြိတိန်တို့သည် အစ္စရေးကို ဟားမတ်က စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးအနေဖြင့် မိမိနိုင်ငံအား ကာကွယ်ပိုင်ခွင့်အရ လက်တုံ့ပြန်နိုင်ရန် များစွာထောက်ပံ့ပေးခဲ့သည်။
ယင်းသို့ထောက်ပံ့ခဲ့မှုများအပေါ် ယခုဆန္ဒထုတ်ဖော်သူများကပြင်းထန်စွာဝေဖန်ခဲ့ကြပြီး ကလေ-းများ၊အမျိုးသမီးများအပါအဝင် လူရှစ်ထောင်ကျော်ကိုးထောင်နီးပါးေ-သဆုံးရန် အမေရိကနှင့်၎င်း၏မဟာမိတ်များကထောက်ပံ့ပေးခဲ့ပြီး မျိုးသုဥ်း သတ်ဖြတ်မှု ကို ကျူးလွန်ခဲ့ကြသည်ဟုလည်းဆိုကြသည်။
Source : Reuters