ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့ ရောက်ရှိနေထိုင်ကြောင်း သတင်းပေးပို့ကြရန် ဗီယက်နမ်ဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်

0
382

ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းပေးပို့ကြရန် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ အခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် ရေလုပ်သားများ ကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး၊ လူကုန်ကူးခံရသူများကို သက်ဆိုင်ရာနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးကာ နေရပ် ပြန်လည်ပို့ဆောင်နိုင်ရေး အပါဝင် မြန်မာနိုင်ငံသားများအား ဥပဒေအရ ကာကွယ်ပေးရာတွင် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်များကို ကနဦး လုပ်ဆောင်ရကြောင်း ထုတ်ပြန်ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ ကောင်စစ်ဆိုင်ရာ လုပ်ငန်းစဉ်များမှာ လနှင့်ချီကြာတတ်သောကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ၎င်းတို့ ရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းပေးပို့ထားရန် မြန်မာသံရုံးက ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံသားများအနေဖြင့် သတင်းပေးပို့ထားပါက ဥပဒေပိုင်းဆိုင်ရာအကာအကွယ်ပေးရေးနှင့် နိုင်ငံသားများ၏ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးအပါဝင် ကောင်စစ်ဆိုင်ရာ လုပ်ငန်းများမှာ ပိုမိုမြန်ဆန်စွာ အချိန်တိုအတွင်း ပြီးစီးမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ဗီယက်နမ်သို့ ရောက်ရှိနေထိုင်ကြောင်း သတင်းပေးပို့လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာန Email ဖြစ်သည့် [email protected] သို့ ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here