ရခိုင်ပြည်နယ်တွင် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်နှစ်ခု ခွင့်ပြုခဲ့၊ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀၀ ကျော် ထပ်မံဝင်ရောက်ရန်ရှိ

0
367

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၄၀ ကျော်ဖန်တီးပေးနိုင်မည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်နှစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာလတွင် ခွင့်ပြုပေးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်က ပြောကြားထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရခိုင်ပြည်နယ်၌ စက်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် နှစ်ခုကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း၌ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀၀ ကျော် ထပ်မံဝင်ရောက်ရန်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အများဆုံးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုသည် အဓိက ဝင်ရောက်လျက် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို မကြာခင် စတင်နိုင်ဖွယ်ရှိသည့်အတွက် နိုင်ငံသားပိုင်ကုမ္ပဏီများကို EOI ဖိတ်ခေါ်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here