ဂျော်ဒန်လေတပ်က အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီများ ဂါဇာသို့ကြဲချခဲ့

0
337

အာမန်၊နိုဝင်ဘာ ၆

ဂျော်ဒန်လေတပ်သည် ဝိုင်းပတ်ပိတ်ဆို့ခံထားရသော ဂါဇာကမ်းမြှောင်ရှိဆေးရုံသို့ အရေးကြီးသည့်ဆေးဘက်ဆိုင်ရာအထောက်အပံ့များကို လေယာဉ်ပေါ်မှ ကြဲချပေးခဲ့ကြောင်း ဂျော်ဒန်ဘုရင်မင်းမြတ်ကနိုဝင်ဘာ ၆ ရက်အစောပိုင်းတွင်ပြောကြားခဲ့သည်။

“ဂါဇာစစ်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ကူညီပေးဖို့က ကျွန်တော်တို့ရဲ့တာဝန်ပါပဲ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး “ကျွန်တော်တို့ရဲ့ ပါလက်စတိုင်းညီအစ်ကိုတွေအတွက် အမြဲရှိနေမှာပါ” ဟုလည်းပြောကြားခဲ့သည်။

ယခု ကဲ့သို့ ထောက်ပံ့ပေးမှုသည် ကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်၏ ဒေသတွင်းသံတမန်ခရီးစဉ်အနေဖြင့် ဂျော်ဒန်သို့ရောက်ရှိနေပြီး ဂျော်ဒန်၊အီဂျစ်၊ဆော်ဒီအာရေးဗျနှင့်ယူအေအီးနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများဖြင့်တွေ့ဆုံဆွေးနွေးစဉ်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

အစ္စရေး – ဟားမတ်စ်ပဋိပက္ခသည် ပြီးခဲ့သည့်အောက်တိုဘာ ၇ ရက်နေ့တွင် ဟားမတ်စ်ကစတင်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့ရပြီး ယင်းတိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံသား ၁,၄၀၀ ကျော်‌ေ-သဆုံးခဲ့ရသဖြင့် အစ္စရေးက လေကြောင်းဖြင့်ပြန်လည်တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒေသခံ‌ ၉,၀၆၁ ဦး‌ေ-သဆုံးခဲ့ရာ ယင်းတို့အနက် ကလေ-းငယ် ၃,၇၆၀ ဦးနှင့် အမျိုးသမီး ၂,၃၂၆ ဦးပါဝင်ကြောင်း ဂါဇာကျန်းမာရေးဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here