လူမှုပတ်ဝန်းကျင်နှင့် နေ့စဉ်အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရသူများကို ထောက်ပံ့ကူညီနေတဲ့ Mytel CSR Program

0
293

“Mytel CSR Program”သည် လေဘေး ရေဘေးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံနေရာဒေသအသီးသီးမှ ထောက်ပံ့မှုအကူအညီလိုအပ်နေသော မိသားစုများ၊ နေရာများကို ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်နေသော Program တစ်ခုဖြစ်သည်။

ယခုအချိန်အထိ ကူညီထောက်ပံ့မှုများစွာ လုပ်ဆောင်‌ပေးလျက်ရှိပြီး မိသားစုများကို ကျန်းမာရေးစောင့်ရှောက်ပေးမှုများ၊ ပညာရေးထောက်ပံ့ပေးမှုများနှင့်တကွ အခြေခံအဆောက်အဦးအဟောင်းများ ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်း အစရှိသည့် ထောက်ပံ့မှုများ ပေးနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ CSR အစီအစဉ်သည် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်၊ လူသားအချင်းချင်းကြင်နာမှုနှင့် နွေးထွေးမှုများကို အခြေပြု၍ နေ့စဉ်လူနေမှုဘဝအခက်အခဲ ရုန်းကန်နေရသူများနှင့် အကူညီလိုအပ်သူများကို ကူညီပံ့ပိုးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

လာမည့်နှစ်များတွင်လည်း Mytel CSR Program မှ လူမှုပတ်ဝန်းကျင်နှင့် နေ့စဉ်အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရသူများကို ယခုထက်ပိုမိုကူညီဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များစွာကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here