X မှာ AI ပါ ထပ်ပေါင်းထည့်မယ်လို့ အီလွန်မတ်ပြော

0
297

သူ့ရဲ့ xAI ကို သူပိုင်တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X(ယခင် တွစ်တာ)မှာ ထပ်ပေါင်းထည့်မှာဖြစ်သလို၊ သီးခြား APP တစ်ခုအနေနဲ့လဲ xAI ကို သုံးလို့ရမယ်လို့ အီလွန်မတ်က တနင်္ဂနွေနေ့ကပြောပါတယ်။

X မှာ X Premium+ စာရင်းပေးသွင်းထားသူ အားလုံးအတွက်ကတော့ လာမယ့် သောကြာနေ့ကစပြီး xAI ကို သုံးလို့ရမှာဖြစ်တယ်လို့လဲ သူကဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပထမဆုံး AI မော်ဒယ်ဖြစ်တဲ့ Grok ဆိုတဲ့ အလိုအလျောက်ပြန်လည်ဖြေကြားတဲ့ Bot ကိုလဲ သုံးလို့ရပြီလို့ သူကပြောပါတယ်။ အီလွန်မတ်ဟာ xAI ကို ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

အီလွန်မတ်ဟာ ဂူးဂဲရဲ့ Bard AI နဲ့ မိုက်ခရိုဆော့ရဲ့ Bing AI တို့ကိုလဲ ဝေဖန်ခဲ့ပါသေးတယ်။ အဲဒီ AI တွေမှာ ဆင်ဆာဖြတ်တောက်တာတွေရှိတာကြောင့် ဒါဟာ AI ရဲ့ ကြိုးပမ်းမှုတွေကို ကန့်သတ်တာဖြစ်တယ်လို့ သူကပြောတာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here