ပထမအကြိမ်မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းမနက်ဖြန်တွင်စတင်ပြုလုပ်မည်

0
234

Russian Pacific Fleet စစ်ရေယာဉ်အုပ်စုတွင်တပ်ဆင်ထားသည့် လက်နက်များ၏ စနစ်များနှင့် စွမ်းရည်များ၊ ခေတ်မီစနစ်များ တပ်ဆင်ထားခြင်းကို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကြည့်ရှု့

မြန်မာရေတပ်နှင့် ပူးပေါင်းကာ ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း (MARUMEX)
ပြုလုပ်ရန်ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သီလဝါတွင်ဆိပ်ကပ်ထားသည့် Russian Pacific Fleet စစ်ရေယာဉ်အုပ်စုမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ (၆) ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVM ENOV နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်တို့က ကြိုဆိုနှုတ် ဆက်ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးပြီး Russian Pacific Fleet စစ်ရေယာဉ်အုပ်စုမှ ဂုဏ်ပြုတပ်ဖွဲ့၏ နှစ်နိုင်ငံနိုင်ငံတော်တေးသီချင်းဖြင့် ဂုဏ်ပြုကြိုဆို အလေးပြုခြင်းကို ခံယူခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားစစ်ရေယာဉ် Admiral Tributs သို့ တက်ရောက်ခါ စစ်ရေယာဉ်၏ စက်ပိုင်းဆိုင်ရာနှင့် တပ်ဆင်ထားသည့် ကာကွယ်ရေးဆိုင်ရာ လက်နက်များ၏စနစ်များနှင့် စွမ်းရည်များ၊ ခေတ်မီစနစ်များ တပ်ဆင်ထားရှိသည့် အခြေအနေများ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်
ဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ရုရှားရေတပ်ဦးစီးချုပ်နှင့်ကာကွယ်ရေးဦးစီးချုပ် (ရေ)တို့က ပထမအကြိမ် မြန်မာ – ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း 1th MY ANMAR-RUSSIA MARITIME SECURITY EXE RCISE (MARUMEX) ဖွင့်ပွဲ အထိမ်းအမှတ်ခေါင်းလောင်းနှင့် အထိမ်းအမှတ်တံဆိပ်တို့အား နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ပေးအပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေယာဉ်မှူးထံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်ကို ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းကို မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် မြန်မာ့ တပ်မတော် (ရေ)နှင့် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်များဖြင့် နိုဝင်ဘာ (၇) ရက်မှ (၉) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1t Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်များ
သည် မြန်မာ – ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေး မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ နှင့် ရုရှားရေတပ်သံစုံ တီးဝိုင်းအဖွဲ့ ဖျော်ဖြေပွဲအခမ်းအနားကို ကျင်းပခြင်း၊ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်းတို့ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here