ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရသူများကို နိုဝင်ဘာ (၇)ရက်တွင် စတင်ကြေညာပေးသွားမည်

0
369

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများ အချိန်မှီကျောင်းအပ်နှံနိုင်ရေး နိုဝင်ဘာ (၇)ရက်တွင် စတင် ကြေညာပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများကို ကျန်းမာရေးဝန်ကြီးဌာန Website (www.moh.gov.mm)၊ Facebook Page (Ministry of Health Myanmar)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website (www.hrh.gov.mm) နှင့် သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ တက္ကသိုလ်များတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၆) ရက်မှ စတင်၍ စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ကျောင်းအပ်လက်ခံပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများအနေဖြင့် ပထမနှစ် သင်တန်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၂၃) ရက်မှ စတင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here