ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ်ထက် ငါးဆမြင့်တက်လာဟုဆို

0
185

၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်းသို့ ပြည်ပခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်ထက် ငါးဆခန့်မြင့်တက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ယခုနှစ်အတွင်း ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ပြည်ပခရီးသွား ဝင်ရောက်မှုသည့် ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ခရီးသွားဦးရေ ၇၃၀,၇၀၃ တိုးလာကြောင်း သိရသည်။

ပြည်တွင်းသို့ ထိုင်းနိုင်ငံသားများ အများဆုံးဝင်ရောက်ခဲ့ပြီး ပြည်ပခရီးသွားများအနေဖြင့် နိုင်ငံတကာ လေကြောင်းလိုင်း၊ ရေလမ်းကြောင်းနှင့် နယ်စပ်ဒေသများမှ ဝင်ရောက်ပြီး ယခုနှစ်အတွင်းလေကြောင်းဖြင့် ဝင်ရောက်လာသည့် ခရီးသွားဦးရေ ၂၀၃,၄၄၅ ယောက်ရှိကြောင်း သိရသည်။

ပြည်ပခရီးသွားများ လာရောက်လည်ပတ်ပါက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးစဉ်ဒေသ (၁၄) ခုကို ထောက်ခံအဆိုပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် ယခုနှစ်တွင် တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပေါ်ပြူလာနယူးစ်သို့ ပြောကြားထားသည်။

မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ် (၉) လတာကာလအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀ ၂၂ ခုနှစ် တစ်နှစ်ပတ်လုံးတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၂၃၃,၄၈၇ ဦး လာရောက်ခဲ့ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ၄ ဒသမ ၃၆ သန်းကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here