အာရှလမ်းတွင် Express မှန်လုံယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွား

0
222

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း(တောင်ပေါ်လမ်းသစ်)တွင် Express မှန်လုံယာဥ်တစ်စီး မီးလောင်မှု ယနေ့ (နိုဝင်ဘာ ၇ ရက်) နံနက်က ဖြစ်ပွားခဲ့ကြောင်း သင်္ဃန်းညီနောင် မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်း(တောင်ပေါ်လမ်းသစ်) ရင်ကွဲတောင်အဆင်းတွင် ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က ခရီးသည်တင် Express မှန်လုံယာဥ်ကြီးတစီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဥ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိ‌ကြောင်း သိရသည်။

“ဝါယာရှော့ဖြစ်တာလို့ သိရတယ်၊ ယာဥ်မောင်းက သိသိချင်း ကားကိုလမ်းဘေးထိုးရပ်ပြီး ခရီးသည်တွေကို အမြန်ဆင်းခိုင်းခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပါဘူး” ဟု သင်္ဃန်းညီနောင် မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ပြောသည်။

မီးလောင်မှုဖြစ်စဥ်ကြောင့် လူထိခိုက်မှုမရှိပဲ Express ယာဥ်တစ်စီးသာ မီးလောင်ပျက်စီးသွားပြီး ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့မှ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – သင်္ဃန်းညီနောင် မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here