ဘီးလင်းမြို့နယ်တွင် အမျိုးသား တစ်ဦး ကားတစ်စီးပေါ်မှ ပြုတ်ကျကာ ‌ေ-သဆုံး

0
259

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာ၊ ကားလမ်းမပေါ်တွင် အမျိုးသား တစ်ဦးမှာ ကားတစ်စီးပေါ်မှ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာများမှာ ပြင်းထန်သဖြင့် နေရာတွင်ပင် ‌ေ-သဆုံးခဲ့ရကြောင်း ဘီးလင်းမြို့နယ် စုစည်းအားမာန် အရေးပေါ် ကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာ၊ မိန်းလမ်းမကြီးပေါ်တွင် နိုဝင်ဘာ (၅) ရက်က အမျိုးသား တစ်ဦး ကားပေါ်မှ ပြုတ်ကျကြောင်း သတင်းအရ စုစည်းအားမာန် အရေးပေါ် ကယ်ဆယ်ရေးအသင်းမှ သွားရောက်ခဲ့ရာ ဖြစ်စဉ်မှာ အသက် (၄၀)နှစ်ခန့်ရှိ အမျိုးသားမှာ ကားပေါ်က ပြုတ်ကျကာ အခင်းဖြစ်နေရာမှာပင် ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

၎င်းအမျိုးသား ကားပေါ်မှ ပြုတ်ကျရာ မည်သည့် ကားပေါ်က မည်သို့ ပြုတ်ကျသည်ကို မသိခဲ့ရဘဲ ဦးခေါင်းဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာများရရှိ‌ေ-သဆုံးခဲ့ရပြီး‌ေ-သဆုံးသူ အိတ်ထဲမှ တွေ့ရှိသည့် မှတ်ပုံတင်အရ ကော့ကရိတ်ကဖြစ်သည်ဟု သိရကြောင်း စုစည်းအားမာန် အရေးပေါ် ကယ်ဆယ်ရေးအသင်းက ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ‌ေ-သဆုံးသူ အမျိုးသား ရုပ်အလေ-ာင်းကို ဘီးလင်းမြို့ စုစည်းအားမာန်အသင်း အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here